Logo
The Connection Solution Services

ပညာ၊ စွမ်းရည်၊ လမ်းကြောင်း

ပညာရေးလမ်းကြောင်းများ၊ လုပ်ငန်းခွင် တိုးတက်ရေး၊ လူမှုအသိုက်အဝန်းဖွံ့ဖြိုးရေးနှင့် လက်တွေ့ဘဝ ပြဿနာဖြေရှင်းနည်းများကို အားပေးမြှင့်တင်မယ်

ကျွန်မတို့ရဲ့ ဝန်ဆောင်မှုများ သင်တန်းအစီအစဉ်များ


ကျွန်မတို့အကြောင်း

The Connection Solution Services Co., Ltd ဟာ လက်တွေ့ကျသောပညာရေးကို ဝန်ဆောင်မှုပေးပြီး အားလုံးပါဝင်နိုင်သော သင်ယူမှု၊ အလုပ်အကိုင်ရရှိစေရန်နှင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးရေးတို့ကို မြှင့်တင်ပေးသော ရပ်ရွာအခြေပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်

ကျွန်မတို့ဟာ ပညာရေး၊ အလုပ်အကိုင်ရရှိရေးတို့အပြင် စာရွက်စာတမ်းအကူအညီနှင့် လက်တွေ့ကျသောအထောက်အကူများကို ပေးအပ်ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းကြားမှာ သင်ယူသူများ နှင့် ပညာရှင်များ ပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးပါသည်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ရေရှည်တိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးချဲ့ဖို့ ဖြစ်ပါတယ်။

ဝန်ဆောင်မှုများ

ထိုင်းနိုင်ငံမှာ နေထိုင်မှု၊ ပညာသင်ယူရေးနှင့် အလုပ်လုပ်ကိုင်မှုအတွက်သာမက ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ တိုးတက်ဖို့အတွက် လက်တွေ့အကူအညီတွေကို ပေးအပ်ခြင်းအားဖြင့် လူတစ်ဦးချင်းစီနဲ့အများကို အထောက်အကူပြုပေးနေပါတယ်



ပညာရေးဆိုင်ရာနှင့် သင်ကြားရေးဆိုင်ရာ ဝန်ဆောင်မှုများ

educon1ပညာရေးဆိုင်ရာ အတိုင်ပင်ခံဝန်ဆောင်မှု

ကျွန်မတို့ဟာ သင်ယူသူတွေကို သူတို့ရဲ့ ပညာရေးလမ်းကြောင်းတွေကို ရှာဖွေရာမှာ ကူညီပေးပြီး တက္ကသိုလ်ဝင်ခွင့်၊ ပညာတော်သင်ဆုအခွင့်အလမ်းတွေနဲ့ ကိုယ်ပိုင်ပညာရေးအစီအစဉ်တွေကို လမ်းညွှန်ပေးတာတွေအပြင် ကျောင်းသားတွေရဲ့ ပညာရေးပန်းတိုင်နဲ့ တသက်တာသင်ယူမှု နဲ့ ရည်မှန်းချက်တွေကို ရရှိအောင် ကူညီပေးနေပါတယ်

ld1သင်ရိုးရေးဆွဲခြင်း

ကျွန်မတို့ဟာ လူမှုပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ သင်ယူမှုအစီအစဉ်တွေကို ဒီဇိုင်းရေးဆွဲပြီး အလွတ်သဘော သင်ယူမှုကနေ တရားဝင်ပညာရေးလမ်းကြောင်းတွေအထိ၊ တိုးတက်သွားအောင် ပံ့ပိုးပေးနေပါတယ်



လုပ်ငန်းခွင်အဆင်သင့်ဖြစ်ဖို့နဲ့ Professional ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

career1သက်မွေးဝမ်းကြောင်း တိုးတက်မှု

ကျွန်မတို့ဟာ လူတဦးချင်းစီအတွက် အလုပ်အကိုင်လမ်းညွှန်မှုတွေပေးတာအပြင် အလုပ်အတွက်လိုအပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေဖြစ်အောင် မြှင့်တင်ပေးနေပါတယ်။ ရေရှည်တည်တံ့နိုင်တဲ့ အသက်မွေးဝမ်းကျောင်းအတွက်လည်း လမ်းကြောင်းတွေဖော်ဆောင်ပေးနေပါတယ်

rd1လုပ်ငန်းခွင်အဆင်သင့်ဖြစ်မှု

ကျွန်မတို့ဟာ လက်တွေ့ကျတဲ့ ပညာရပ်တွေ၊ လုပ်ငန်းခွင်မှာ ဆက်သွယ်ပြောဆိုတဲ့ စွမ်းရည်တွေ၊ လက်တွေ့လောကနဲ့ ကိုက်ညီတဲ့ ပညာရှင်ဆန်ဆန် အပြုအမူတွေကို လေ့ကျင့်ပေးခြင်းအားဖြင့် အလုပ်အကိုင်ရရှိရေးကို မြှင့်တင်ပေးနေပါတယ်

pm1ပရောဂျက်လုပ်ငန်းများပါဝင်သော သင်တန်း

ကျွန်မတို့ဟာ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးရေး လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ပရောဂျက်အခြေပြု သင်ကြားခြင်းကို အသုံးပြုပါတယ်။



လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် စာရွက်စာတမ်းပိုင်းဆိုင်ရာ အကူအညီများ


nvisa1ဗီဇာလျှောက်ထားခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ အကူအညီပေးခြင်း

ကျွန်မတို့ဟာ ဗီဇာနဲ့ စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် တိုင်ပင်ပေးခြင်း၊ စာရွက်စာတမ်း ပြင်ဆင်ရာမှာ ကူညီပေးခြင်းတို့အပြင် လိုအပ်တာတွေ ရှိလာတဲ့အခါ မိတ်ဖက်ဝန်ဆောင်မှုပေးသူတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။

  • ဗီဇာနှင့် စာရွက်စာတမ်းဆိုင်ရာ အခမဲ့အတိုင်ပင်ခံဝန်ဆောင်မှုပေးခြင်း
  • ဗီဇာလျှောက်ထားရန်အတွက် စာရွက်စာတမ်းပြင်ဆင်ခြင်းနှင့် အဆင်သင့်ဖြစ်အောင် ကူညီဆောင်ရွက်ပေးခြင်း
  • ကျောင်းသားဗီဇာ၊ ပညာရေးဆိုင်ရာဗီဇာနဲ့ အလုပ်ဗီဇာဆိုင်ရာ လုပ်ငန်းစဉ်တွေကို အကူအညီပေးခြင်း
  • တရားဝင်လိုင်စင်ရ ဗီဇာဝန်ဆောင်မှုပေးတဲ့ မိတ်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခြင်း
  • အလုပ်ခွင့်ပြုမိန့်နဲ့ နေထိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ ပြင်ဆင်ခြင်းအတွက် လမ်းညွှန်ကူညီပေးခြင်း

*ဗီဇာလျှောက်ထားခြင်းဆိုင်ရာ ကိစ္စအားလုံးကို ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေနဲ့အညီ တရားဝင်လိုင်စင်ရ မိတ်ဖက်ဝန်ဆောင်မှုပေးသူတွေက ဆောင်ရွက်ပေးပါတယ်

သင်တန်းများ

အခြေခံပညာရေးလမ်းကြောင်းများ

ကျွန်မတို့ဟာ အခြေခံပညာရေးနဲ့ တသက်တာသင်ယူမှုအခွင့်အလမ်းတွေကို ပံ့ပိုးပေးခြင်းအားဖြင့် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ သင်ယူမှုလမ်းကြောင်းတွေကို လူတဦးချင်းစီရဲ့ ပညာဆက်လက်သင်ကြားရေး၊ အလုပ်အကိုင်အဆင်သင့်ဖြစ်ရေးနဲ့ တကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်ဆင်ပေးနေပါတယ်။

classroom1

ကျောင်းပြင်ပ ပညာရေး

ကျွန်မတို့ဟာ ထိုင်းနိုင်ငံရဲ့ တရားဝင်ပညာရေး(NFE) လမ်းကြောင်းတွေဆီ မပြောင်းရွှေ့ခင် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ သင်ယူမှုအခွင့်အလမ်းတွေကို လိုအပ်နေတဲ့ လူငယ်တွေအတွက် ပညာရေးဆိုင်ရာ အကူအညီတွေကို ဝန်ဆောင်မှု ပေးပါတယ်

book1

ထိုင်း NFE အဆင်သင့်ဖြစ်အောင်ကူညီမှု

ကျွန်မတို့ဟာ ထိုင်းနိုင်ငံရဲ့ပညာရေး (NFE) ကိုဆက်လက်သင်ယူချင်သူတွေ အဆင်သင့်ဖြစ်‌အောင်လည်း ပြင်ဆင်ပေးပါတယ်

ged

GED စာမေးပွဲအတွက် ပြင်ဆင်ပေးခြင်း

လက်ရှိပညာသင်ကြားရေးနဲ့ အနာဂတ်ပညာရေးဆိုင်ရာ တိုးတက်မှုအခွင့်အလမ်းတွေအတွက် ဝန်ဆောင်မှု ပေးပါတယ်။



စွမ်းရည်နှင့် ရေရှည်ဖွံ့ဖြိုးမှု

လူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် အခြေခံပညာရေးကနေ စပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့ထိ လမ်းကြောင်း ပြသပေးပါတယ်

notebook

ရေရှည် ပညာရေး

ကျွန်မတို့က ကိုယ်ပိုင်တိုးတက်မှု၊ လုပ်ငန်းခွင်အဆင်သင့်ဖြစ်မှုနဲ့ တစ်သက်တာကျွမ်းကျင်မှုဖွံ့ဖြိုးရေးတို့ကို အားပေးမြှင့်တင်ပေးတဲ့ လက်တွေ့ကျပြီး စဉ်ဆက်မပြတ်တဲ့ သင်ယူမှုအခွင့်အလမ်းတွေကို ပံ့ပိုးကူညီပေးနေပါတယ်။

lang1

ဘာသာစကားသင်တန်းများ

ကျွန်မတို့က ဆက်သွယ်ရေး၊ ယုံကြည်မှုနဲ့ လက်တွေ့ဘဝအသုံးချမှုတို့ကို အဓိကထားတဲ့ လက်တွေ့ကျတဲ့ အင်္ဂလိပ်၊ တရုတ်၊ ထိုင်းနဲ့ ဂျပန်ဘာသာစကားသင်တန်းအစီအစဉ်တွေကို ပေးအပ်နေပါတယ်။

computer

ဒစ်ဂျစ်တယ်နှင့် ကွန်ပျူတာသင်တန်း

ကျွန်မတို့က ကုန်ထုတ်စွမ်းအား၊ လုပ်ငန်းခွင်အဆင်သင့်ဖြစ်မှုနဲ့ နေ့စဉ်နည်းပညာအသုံးပြုမှုတို့ကို အားဖြည့်ပေးတဲ့ အခြေခံကျတဲ့ ဒစ်ဂျစ်တယ်တတ်မြောက်မှုနဲ့ ကွန်ပျူတာကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနေပါတယ်။

Connection Learning Hub

Connection Learning Hub ကတော့ ကျွန်မတို့ရဲ့ သင်ယူမှုဌာနခွဲဖြစ်ပြီး လူငယ်တွေနဲ့ လူကြီးသင်ယူသူတွေအတွက် အလွတ်သဘောပညာရေးနဲ့ တစ်သက်တာသင်ယူမှုအစီအစဉ်တွေကို ပေးအပ်နေပါတယ်။



အလွယ်တကူ သင်ယူနိုင်သော ပညာရေးလမ်းကြောင်းများ

standard1

အခြေခံသင်တန်းများ

ကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေ တဖြည်းဖြည်း တိုးတက်လာစေဖို့ စနစ်တကျ စီစဉ်ထားတဲ့ အပတ်စဉ် သင်ယူမှုအစီအစဉ်လေးတွေ ရှိပါတယ်။

  • တပတ်တခါ အတန်းများ
  • သင်တန်းကာလ ၁၂–၂၀ ပတ်
  • ပုံမှန်သင်ယူသူတွေအတွက် ကောင်းမွန်ပါတယ်
oneteacher

တစ်ဦးချင်းသင်ကြားမှု၊ ညှိနှိုင်းနိုင်သော အတန်းများ

သင်ယူသူတစ်ဦးချင်းစီရဲ့ အချိန်ဇယားနဲ့ လိုအပ်ချက်တွေကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးထားတဲ့ သင်ယူမှုအစီအစဉ်လေးတွေ

  • ပြောင်းလွယ်ပြင်လွယ်ရှိသော အချိန်ဇယားများ
  • သင်ယူသူတစ်ဦးချင်းစီအတွက် သီးသန့်ပြင်ဆင်ပေးသည့် အစီအစဉ်များ
  • ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ သင်ယူမှုရွေးချယ်စရာတွေအတွက် သင့်တော်ပါတယ်
intensive1

အရှိန်မြှင့်သင်တန်းများ

အချိန်တိုအတွင်း ရလဒ်ကောင်းတွေ မြန်မြန်ရစေဖို့ အာရုံစိုက်ထားတဲ့ ကာလတိုသင်ယူမှုအစီအစဉ်လေးတွေ

  • တစ်ပတ်လျှင် အတန်း ၂-၃ ခါ
  • သင်တန်းတခုလျှင် ၆-၁၄ ပတ်
  • ရည်မှန်းထားသော တိုးတက်မှု


ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ခြင်းနှင့် လုပ်ငန်းခွင်အဆင်သင့်ဖြစ်ရေး

diploma1

Pre-GED နှင့် GED သင်တန်း

ပညာရေး ရည်မှန်းချက်တွေကို ပံ့ပိုးကူညီဖို့ ပြင်ဆင်မှုအစီအစဉ်တွေ။

  • အခြေခံပညာရေးစွမ်းရည်များ
  • GED စာမေးပွဲအတွက် ပြင်ဆင်ခြင်း
  • အသက်မွေးဝမ်းကျောင်း လမ်းညွှန်ချက်များ
joob1

အလုပ်အကိုင်အတွက် အဆင်သင့်ဖြစ်အောင် အချိန်တိုအတွင်း ပြင်ဆင်ခြင်း

လုပ်ငန်းခွင်းဆက်သွယ်ရေးနဲ့ အလုပ်အကိုင်ကျွမ်းကျင်မှုတွေကို အဓိကထားတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်လေးတွေ

  • တစ်ပတ်ကို အတန်း ၃-၄ ကြိမ်
  • သင်တန်းတခုလျှင် ၃-၄ လ
  • အသက်မွေးဝမ်းကျောင်းအတွက် အဆင်သင့်ဖြစ်ရေး


ပူးပေါင်းဆောင်ရွက်မှုနှင့် ပရောဂျက်အခြေပြု အစီအစဉ်များ

project1

Project-based Program

ကျွမ်းကျင်မှုတွေနဲ့ လက်တွေ့ဘဝပြဿနာဖြေရှင်းခြင်းကို မြှင့်တင်ဖို့ မိတ်ဖက်တွေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်တဲ့ သင်ယူမှုအတွေ့အကြုံလေးတွေ

deal1

အတူတကွပူးပေါင်းဆောင်ရွက်သော အစီအစဉ်များ

ရေရှည်တည်တံ့တဲ့ သင်ယူမှုအခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ NGO တွေနဲ့ အခြားအဖွဲ့အစည်းတွေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်နေပါတယ်

ပညာရေးခရီးကို ကျွန်မတို့နဲ့အတူ စတင်လိုက်ပါ

သင့်ပညာရေး၊ အသက်မွေးဝမ်းကျောင်းတိုးတက်မှုနဲ့ အနာဂတ်ရည်မှန်းချက်တွေကို ပံ့ပိုးကူညီဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ သင်ယူမှုအခွင့်အလမ်းတွေကို စူးစမ်းလေ့လာလိုက်ပါ။.

စာရင်းသွင်းရန်


ဒီနေ့ပဲ ဆက်သွယ်လိုက်ပါ

သင့်အချက်အလက်များ မျှဝေပါ၊ ကျွန်မတို့ သင့်အတွက် သင့်တော်သော အကူအညီများဖြင့် ဆက်သွယ်ပေးပါမည်။

သင့်အချက်အလက်များကို လျှို့ဝှက်ထားပြီး သင့်အတွက်သာ အသုံးပြုပါမည်။





ဆက်သွယ်ရန်

Email: info@tcsservices.co

Phone/ Line/ Whatsapp: +66 63 018 3293

Location: Samrong Nuea, Samut Prakan, Thailand